Sunday, June 28, 2015

အလုပ်အကိုင် အခွင့်အလမ်းပေါများလာသော်လည်း အွန်လိုင်းဖြင့် အလုပ်ရှာဖွေမှု လူငယ်များအကြား သိသိသာသာ ကျယ်ပြန့်မှုမရှိသေး


မြန်မာပြည်အတွင်း   (၂၀၁၄) ခုနှစ်ပိုင်းတွင်   အလုပ်အကိုင်အခွင့်အလမ်းပိုင်းဆိုင်ရာ နည်းပါးခဲ့သော်လည်း   လက်ရှိ (၂၀၁၅)  ခုနှစ်တွင်              ပြည်တွင်းအလုပ်အကိုင်တိုးချဲ ့မူများ မြင့်တက်လာသည်နှင့်အမျှ ပြည်ပအလုပ်အကိုင် ပေါင်းမြောက်များစွာပေါ်ထွက်လာကြောင်းကိုတွေ ရှိလာရသည်။  လက်ရှိမြန်မာပြည်၏           အလုပ်အကိုင်များ ကိုရှာဖွေနိူင်သည် ့work.com.mm , ads.com.mm စသည့် ၀က်ဆိုက်များတွင်အလုပ်အကိုင်အခွင့်အလမ်းပေါင် း (၁၂၀၀၀) ကျော်ခန် ့ကို ၀င်ရောက်ရှာဖွေနိူင်လေသည်။


လက်ရှိမြန်မာပြည်တွင်းလုပ်သားအခွင့်အလမ်းပေါင်းမြောက်များစွာကိုအွန်လိုင်းပေါ်တွင်ရှာဖွေနိူင် သော်လည်း  လူငယ်အများစုသည် အွန်လိုင်း social media ဖြစ်သည် ့facebook ကိုသာ အသုံးပြုမူများမြင့်တတ်ကာ  အလုပ်အကိုင်ရှာဖွေမူကို အပြင်ဘက်မှသာ ရှာဖွေနေကြောင်းသာတွေ ့ရှိ နေရလေသည်။Ads.com.mm မှာ     ပြောရေးဆိုခွင့် ရှိသူ   Mr Elijah Htang မှ ကျွန်တော်တို မြန်မာနိူင်ငံမှာရှိတဲ ့       လူငယ်တွေအများစုက အွန်လိုင်းကနေ   အလုပ်အကိုင်အခွင့်အလမ်းတွေကို ပိုမိုရှာဖွေနိူင်တယ်ဆိုတာ     သိတဲ့လူကနည်းနေသေးတယ်။       အွန်လိုင်းအသုံးပြုတဲ့လူငယ်တွေ အများစုကလည်း   Facebook ၊Viber တွေ လောက်ဘဲအသုံးပြုနေ တာများတယ်။ကျွန်တော်တို ့ အွန်လိုင်းကနေ အလုပ်ရှာမယ်ဆိုရင် အချိန်ကုန်လဲပိုသက်သာမယ် ပြီးရင်ကိုယ်ဘာ လုပ်ချင်လဲ ၊ ကိုယ်လုပ်ချင်တဲ ့အလုပ်အကိုင်အမျိူးအစားနဲ့တကွ အလွယ်တကူရှာဖွေနိူင်ပါတယ်။Offline သုံးပြီးရှာရတွထက်       ပိုလွယ်ကူတယ်။Ads.com.mm မှာဆိုရင်အလုပ်အကိုင်ပေါင်း (၉၀၀၀) ကျော်ရှိတယ်။   General Worker တွေ ကနေ Management အလုပ်အကိုင်မြောက်များစွာကိုလည်းရှာဖွေနိူင်ပါတယ်  ဟုပြောသည်။
" အခုနောက်ပိုင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ များလာသလို အလုပ်အကိုင် အခွင့်အလမ်းတွေ အားလုံးလိုလို ကလည်း အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး စျေးကွက်တွေ မှာပဲကြေငြာလာကြတယ်။ အွန်လိုင်းက အလုပ်လျှောက်ရတာ အရမ်းလွယ်ကူပါတယ်။ အလုပ်ရှာဖွေသူတွေ အနေနဲ့ ကုမ္မဏီတစ်ခုချင်းစီသွားပြီး CV လိုင်တင်စရာမလိုဘဲ အွန်လိုင်းမှာတင် ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်စေမယ့် ကုမ္မဏီတွေကို လျှောက်လို့ရတဲ့ အတွက် အများကြီး အကျိုးရှိပါတယ်" ဟု work.com.mm မှာ ပြောရေးဆိုခွင့်ရှိသူ မလပြည့်ဝန်းမှ ပြောသည်။
အလုပ်အကိုင်အခွင့်အလမ်းများကို Company များမှ တိုက်ရိုက်ခေါ်ယူသည်များရှိ သကဲ့သို ့Online အလုပ်အကိုင် Website များမှလဲ တစ်ဆင့်ခေါ်ယူမှုများ စွာရှိသည်။ မြန်မာနိူင်ငံရှိ လုပ်သားအများစုမှ အလုပ်အကိုင်ရှာဖွေရေးအတွက် သတင်းစာ၊ ဂျာနယ်နှင့် အေဂျင်စီများကိုသာ အများဆုံး အသုံးပြုလျှက်ရှိနေပြီး အွန်လိုင်းဝက်ဘ်ဆိုက် အသုံးပြု၍ အလုပ်အကိုင်ရှာဖွေမှုမှာ နည်းပါးလျှက် ရှိနေခြင်းကြောင့် မြန်မာနိုင်ငံမှ ရွက်ပုန်းသီး ပညာရှင်များမှာ နိုင်ငံတကာမှ အလုပ်အကိုင် အခွင့်အလမ်း များစွာကို လက်လွှတ်ဆုံးရှုံးမှုများလဲ ရှိခဲ့ရသည်။
၎င်းသည်လည်း အလုပ်ရရှိမှု လျှော့နုည်းနေခြင်း၏ အဓိက ပြဿနာ တစ်ရပ်လည်း ဖြစ်နေသည်။ ဤသို့ ဆိုလျှင် အလုပ်အကိုင်အခွင့်အလမ်းများများပြားပြီး အလုပ်ရရှိမှု ကျဆင်းနေသည့် ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် လူငယ်တွေ မျက်စိပွင့် နားပွင့် အရာရာကို စူးစမ်းစိတ်ရှိပြီး အခွင့်အလမ်းများအတွက် ကြိုတင်ပြင်ဆင်ထားရန်လည်း လိုအပ်သည်။


No comments: